Byte Me: Volume 1 eBook is Here!
ကျွန်တော် ကို့ယ်ဟာကို ပုံလေးတွေ အပျော်သဘောအနေနဲ့ ပုံမှန်ဆွဲဖြစ်အောင် ပြန် train ရင်း ဆွဲဖြစ်ထားတဲ့ webcomic လေး ebook အနေနဲ့ ရပါပြီ။
ဒီနောက်ပိုင်း ကျွန်တော်တို့ AI တွေနဲ့ တော်တော်ပတ်သက်လာကြတယ်။ ကျွန်တော်ဆို AI နဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။ ဒီလိုနဲ့ Byte Me ဆိုတဲ့ ဒီကာတွန်းလေး ဆွဲဖြစ်သွားတာ။
ဒီ Byte Me: Volume 1 ebook ထဲမှာ အပိုင်းလေး ၁၂ ပိုင်းပါတယ်။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် အပျင်းပြေပေါ့။
Social media မှာလည်း အလကား အမြဲဖတ်လို့ရတယ်။ ဒါပေမယ့် တပတ်တပိုင်း မစောင့်ချင်တာဖြစ်ဖြစ်... ဆက်တိုက်တထိုင်တည်း ဖတ်ချင်တာဖြစ်ဖြစ်... artwork ကို support ချင်တာဖြစ်ဖြစ်... artist ချောချောလေးကို support ချင်တာဖြစ်ဖြစ် တခုခုဆန္ဒရှိတယ်ဆိုရင်တော့ ဒီ ebook လေးကို အားပေးလို့ရပါတယ်။
ဒီ link လေးထဲမှာပါ >>> https://gallery.nyankyalsay.art/products/byteme-vol1-ebook
ကျွန်တော့် NK Artbox Gallery က member တွေကတော့ ebook ကို free ဒေါင်းလို့ရပါတယ်။
အားပေးကြတဲ့အတွက် ကျေးဇူးပါ။
~
My latest webcomic, which I've been drawing to get back into the habit of sketching for fun, is now available as an e-book.
These days, many of us are interacting with AI, and I personally have a lot of conversations with it. This led me to create the comic series called "Byte Me."
The Byte Me: Volume 1 e-book contains 12 short episodes. It's not a lot, but it's a fun, casual read.
You can always read the comics for free on social media. However, if you don't want to wait for the weekly releases, prefer to binge-read the entire series in one sitting, or simply want to support the artwork (or the handsome artist!), you can purchase the e-book.
The link is right here: https://gallery.nyankyalsay.art/products/byteme-vol1-ebook
Members of my NK Artbox Gallery can download the e-book for free.
Thank you for your support!
#ByteMeComic #Ebook #Release #Webcomic #HumanvsAI #NKartbox