A Small Gift, A Big Smile
[ဗမာလို ⬇️⬇️⬇️]
This was around March 2023. I was in another country at the time.
There was a small restaurant below the place I was staying, where I often went for meals. One day, the owner, a lady, told me that her daughter would be graduating from high school the following week. But she also mentioned that her daughter wasn't really happy about school. Wanting to cheer her up, she asked if I could draw a cartoon of her daughter in a graduation outfit so she could give it to her as a gift.
She knew that I could draw but didn't seem too familiar with digital or traditional art. Since I ate at her restaurant almost every day, I decided to do it for her. When I handed her the illustration, she immediately asked how much she owed me. I told her it was a gift and that she didn't need to pay. She was overjoyed, smiling as she looked at the drawing. Seeing her that happy made me happy too.
Back in my own country, I've seen children who can't even access education, forced to flee, struggling to survive, and missing out on the chance to learn. It feels like a deep wound in my heart. But at the same time, I know that everyone in this world has their own life and their own story. I'm just glad that, in the lady and her daughter's story, I could add a small piece of happiness through my art.
Wishing everyone the opportunity to learn and grow.
<~>
၂၀၂၃ မတ်လလောက်က ဖြစ်မယ်။ ကျွန်တော် နိုင်ငံတခုကို ရောက်နေတဲ့အချိန်ပေါ့။ နေနေတဲ့ အိမ်အောက်က ကျွန်တော်စားနေကျ ထမင်းဆိုင်က အဒေါ်ကြီးက သူ့သမီးလေးက နောက်အပတ် high school graduate ဖြစ်မှာတဲ့။ ဒါပေမယ့် သူက ကျောင်းတက်ရတာ မပျော်ဘူးဖြစ်နေတယ်တဲ့။ အဲဒါ သူ့ကို ပျော်သွားအောင် လုပ်ချင်လို့ အမှတ်တရအနေနဲ့ သူဘွဲ့ယူနေတဲ့ ကာတွန်းပုံလေး လက်ဆောင်ပေးချင်လို့ဆိုပြီး ကျွန်တော့်ကို ပုံလာအပ်တယ်။
သူက ကျွန်တော့်ကို ပုံဆွဲတယ်ဆိုတာပဲ သိတာ။ digital တွေ traditional တွေ သိပ်နားလည်တဲ့ပုံ မပေါ်ဘူး။ ကျွန်တော်လည်း ကိုယ်နေ့တိုင်းနီးပါး စားနေတဲ့ ဆိုင်လေးဆိုတော့ ဒီပုံလေး ဆွဲပေးဖြစ်လိုက်တယ်ပေါ့။ ဆွဲပြီး အဒေါ်ကြီးကို အဲ့ပုံလေးပေးလိုက်တော့ သူက ဘယ်လောက်ပေးရမလဲတဲ့။ ကျွန်တော်ကလည်း မလိုပါဘူး... လက်ဆောင်ယူလိုက်ပါဆိုတော့ သူအရမ်းပျော်သွားတယ်။ ပုံလေးတကြည့်ကြည့်နဲ့။ သူပျော်တာမြင်ပြီး ကျွန်တော်လည်း ပီတိဖြစ်ရပါတယ်။
ကိုယ့်နိုင်ငံမှာတော့ ကလေးတွေ ကျောင်းတက်ခွင့်မရတာတွေ၊ ပြေးရလွှားရတာတွေ ဘာတွေနဲ့ ပညာမသင်ရတာတွေကို မြင်နေကြုံနေရတော့ ရင်ထဲမှာ ဒဏ်ရာတခုလို ခံစားနေရတယ် ဆိုပေမယ့်လည်း... ကမ္ဘာပေါ်မှာ လူတွေအားလုံးက သူ့ဘဝ သူ့ story နဲ့သူ ကိုယ်စီရှိကြတာမို့ သူတို့ story အတွက် ကျွန်တော် ပုံလေးတခု ဖြည့်စွက်ပေးခဲ့ရတာ ဝမ်းသာပါတယ်။
ပညာကောင်းကောင်း သင်ယူနိုင်ကြပါစေ။