What Was I Thinking When I Illustrated "I Am On Again?"
ဒီပုံလေးကို ၂၀၂၂၊ စက်တင်ဘာ ၂ ရက်နေ့က ဆွဲခဲ့တာ။ ဆွဲတုန်းက ဘာတွေတွေးခဲ့လဲ?
This illustration was created on September 2nd, 2022. What was I thinking while illustrating it?
1.

Sketch ချ၊ စိတ်ကူးထဲကဟာကို မျက်လုံးထဲ အကြမ်းမြင်လာအောင် တောင်ခြစ်မြောက်ခြစ် ခြစ်။ ဟိုဖျက်ဒီဖျက် ပြန်ပြင်၊ လုပ်ချင်တာလုပ်။
I sketched, turning my idea into a rough visual with strokes, erasing, tweaking, and adjusting along the way.
2.

Brainstorm လို့ပြီးသွားရင် sketch ကို ပြန်သ။ ပုံမှန်တော့ ဒီအဆင့်မှာ composition တွေဘာတွေ တခါတည်းချတယ်။ ဒီပုံမှာတော့ composition ပြန်ချိန် ပြန်ချတာတွေ လုပ်မထားဘူး။ ဒီတိုင်း စိတ်ကူးထဲက flow အတိုင်း ခပ်မြန်မြန် ဗြင်းဗြင်းပဲ ဆွဲလိုက်မယ်ဆိုပြီး pen ကို ကိုင်လိုက်တာမို့ ပြန်သတဲ့ အဆင့်တွေ မလုပ်တော့ဘဲ ဆက်ပဲ ကြုံးလိုက်တယ်။ Character inking တခါတည်း ပြီးသွားကော။
After brainstorming, I moved on to sketching. Normally, I’d refine the composition at this stage, but for this piece, I skipped it. Because, I picked up the pen first, deciding to go with the flow of the idea, quickly sketching and creating a fast illustration.
3.

လိုင်းအချောသတ် (Inking) လုပ်တယ်။ ဒါတော့ရှင်းတယ်။ အဖိအဖော့လည်း သေချာမလုပ်တော့ဘူး။ လက်က သွားသလိုပဲ။
I did the line work (inking), keeping it straightforward. I didn’t focus on pressure control or line variation, just letting my hand flow naturally.
4.

Color မခြယ်ခင် color အတွက် Brush အသစ်လေးတွေ လျှောက်ကလိကြည့်လိုက်သေးတယ်။ စိတ်ကူးပေါက်သလိုပေါ့။ မိုက်မလားပေါ့ စမ်းကြည့်တာ။ မိုက်လည်းမမိုက်ဘူး။
Before adding color, I tried some new brushes, experimenting to see if they looked cool. In the end, they didn’t.
5.

အာ့နဲ့ နောက်မှ စိတ်တိုင်းကျ စမ်းတော့မယ်၊ ခုတော့ မြန်မြန်ပဲ ဆွဲမှာဆိုတော့ ကိုယ်ခြယ်နေကျ အထာလေး solid ပဲ ကစ်လိုက်တယ်။ Base color လေး ပြီးသွားတယ်ပေါ့။
I’d experiment with them again later when I had more time. For now, since I was working quickly, I just went with my usual solid colors. The base color was done.
6.

အလင်းအမှောင် အကြမ်းဖျင်းထည့်တယ်၊ ပြန်ချိန်တယ်။ တော်ပြီဒီလောက်ဆို။ အချိန်မကြာကြေး။ ဒီအဆင့်က ဒီလောက်ဆို ကျေနပ်ပြီ။ ပျင်းတယ်။
I roughly added light and shadow, then adjusted it. I set my own time limit, so I’m satisfied with this stage. Feeling lazy!
7.

အရောင်က ပြားနေသေးတယ်။ ကြီးကြီးမားမားတခုခု လိုနေတယ်။ အာ့နဲ့ နေရောင်လေးပစ်ထည့်လိုက်တယ်။ ရော့... အင့်...။ အိုခေ... ပြီးသလောက်ရှိပြီဆိုတော့ sign လေးထိုး။
The colors still felt flat. It needed something bigger. So, I added some sunlight and warm colors. Wheesh, whoosh. Aight, it’s good enough now. Time for the signature!
8.

တော်ပြီ ရပြီ ဒီလောက်ဆို။ ကျေနပ်ပြီ။ မြန်မြန်ဆွဲဖို့ စခဲ့တာဆိုတော့ မြန်မြန်ပြီးဖို့လိုတယ်။ ရေစက်လေးတွေ နည်းနည်းတို့။ Retouch လေးလုပ်ပြီး အဆုံးသတ်။ Done! ပြီးပါပြီ။ Bye!!!
Well, that's enough. I'm satisfied. Since I started to make it quick, it needs to be finished quickly. Added a few little water droplets, did some retouching, and wrapped it up. Done! Finished! Bye!!!
Cheers,
NK